သရက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည့်အထိမ်းအမှတ်ဖွင့်ပွဲအား ယမန်နေ့ နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းတွင်ကျင်းပရာ ရာပြည့်သဘင်ပွဲတော်မုခ်ဦးအား သရက်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရာပြည့်သဘင်ကျင်းပရေးဂုဏ်ထူးဆောင်နာယက ဦးသန်းအောင်၊ ဦးခင်ငွေနှင့် အ.ထ.က(၁)အငြိမ်းစားဆရာကြီး ကျောင်းသားဟောင်း ဦးခင်မောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ဆက်လက်၍ ရာပြည့်သဘင်အထိမ်းအမှတ်ကျောက်တိုင်အား အမွှေးနံ့သာများပတ်ဖျန်းပေးခဲ့ပြီး ပြသထားသည့် ပြခန်းများနှင့် ကဗျာ၊ စာစီစာကုံး၊ ပန်းချီများယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စာပေဟောပြောပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် တက်ဆက်ပေးခဲ့သည်။
ထို့နောက် နိုဝင်ဘာ (၂၄)ရက်နေ့တွင် နှုတ်မှုစွမ်းရည်ပြိုင်ပွဲများ၊ ဟောပြောပွဲနှင့်ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ပေးမည်ဖြစ်ပြီး နိုဝင်ဘာ (၂၅)ရက်နေ့တွင် ရာပြည်သဘင် အခမ်းအနားနှင့်ဆုပေးပွဲကျင်းပ၍ နေ့လည်(၁)နာရီတွင် (၃၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)