လွိုင်လင်မြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၄ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပါသည်။

နာဂဒေသ လဟယ်မြို့တွင် (၁၀၄)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်၊ လဟယ်မြို့အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

၂ဝ၂၄ ခုနှစ်၊ (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆောင်ပုဒ်နှင့်အညီ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမ၌ ယနေ့နံနက် ၇ နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်၌  (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉) နာရီက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

မြောင်းမြမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က အ.ထ.က (၁)၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း စတင်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ  လယ်ယာလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာအမွေအဖြစ်လုပ်ကိုင်လျက်ရှိရာ  ယခုနှစ်မိုးရာသီမိုးစပါးများကို ဒေသအလိုက်စိုက်ပျိုးနည်းပညာခြင်းမတူညီကြသော်လည်း  မြေအမျိုးအစားနှင့်ရေရရှိမှုအပေါ်မူတည်၍ မြောင်းအရင်း၊ မြောင်းဖျားများအလိုက်စိုက်ပျိုးခဲ့ရာ  စလင်းမြို့နယ်တစ်မြို့နယ်လုံး မိုးစပါး(၄၇၇၁၅)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ကျောက်ဆည်မြို့၌ နေကြာသီးနှံတွင် ကျရောက်တတ်သည့် ဖျက်ပိုးများအကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်မြို့၌ နေကြာသီးနှံတွင် ကျရောက်တတ်သည့် ဖျက်ပိုးများအကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ ကျောက်ဆည် နိုဝင်ဘာ ၂၅ အောင်ပိုင်ပိုင်ကျော်
Subscribe to