ရန်ကင်း နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဈေးများတွင် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် ယမန်နေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ် (၅) ရပ်ကွက်ရှိ ရန်ကင်းမြို့မဈေးမီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ဈေးတာဝန်ခံများပါဝင်သော အဖွဲ့တို့ဖြင့် ရန်ကင်းမြို့မစျေးမီးဘေးလုံခြုံရေးအတွက် မီးသုံးစွဲမှု၊ ကုန်ပစ္စည်းများ စနစ်တကျထားရှိမှု၊ မီးသတ်ယာဥ်ဝင်/ထွက်နိုင်မှု၊ ရေရရှိရေးနှင့် ရှေးဦးမီးငြိမ်းသတ်ရေးအသင့် ဆောင်ရွက်ထားရှိမှုတို့အပေါ် စစ်ဆေးခဲ့ပြီး လိုအပ်သည်များ အကြံပြုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှလှထွေး