ရွှေတောင် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့မစျေးအတွင်း သား၊ ငါး၊ ဆန်/ ဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက သား၊ ငါးရောင်းချရာတွင် ပစ္စည်းမှန် အလေးချိန်မှန်စွာဖြင့် ရောင်းချပေးနိုင်ရေး၊ ဆန်အပါအဝင် အခြေခံစားကုန်များ ပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေရေး၊ စားအုန်းဆီများအား နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန် / ဆက်)