မုံရွာ-ပညာ‌ရေးဒီဂရီကောလိပ်၌ မီးခိုး၊ မြူငွေ့‌ညစ်ညမ်းထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ နိုဝင်ဘာ ၂၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်း‌ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော မီးခိုး၊ မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပညာ‌ရေးဒီဂရီကောလိပ် ပဥ္စဗလခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲအခမ်းအနားတွင် မုံရွာ-ပညာ‌ရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝေက အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်း‌ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး‌ညီညီဇော်က မီးခိုး၊မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မီးခိုး၊ မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာများ၊ သစ်တောသစ်ပင်များနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်အခြေအနေများ၊ မျိုးဆက်သစ်လူငယ်များ လိုက်နာဆောင်ရွက်ရမည့် အခန်းကဏ္ဍများကိုလည်းကောင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိအောင်က အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်း‌ကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ပြီး တာဝန်ရှိသူများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ မေးခွန်းများအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုကြရာ အဖြေမှန်သူများအား ဒုတိယညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး‌နောက် နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီးနှင့် ‌ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မုံရွာ-ပညာ‌ရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝေနှင့် တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)