ပြည်သူများ အားဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများ လှည့်လည်ရောင်းချပေး

မရမ်းကုန်း ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် အမှတ် (၂၂၂)၊ တော်ဝင်လမ်း (၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ စည်သူကို ကြက်ဥရောင်းဝယ်ရေးမှ ကြက်ဥ အလုံးရေ (၁၀၀၀၀) ထုတ်ယူရရှိခဲ့ပါသည်။

အဆိုပါ ထုတ်ယူရရှိသော ကြက်ဥများအား ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်က စတင်ရောင်းချခဲ့ရာ နံနက် ၉ နာရီ  အချိန်ခန့်တွင် ကြက်ဥအလုံးရေ (၁၀၀၀၀) အား ရောင်းချပြီးစီးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ပြည်သူများ သက်သာစွာဝယ်ယူရရှိနိုင်ရန် တစ်လုံးလျှင် (၃၇၀) ကျပ်နှုန်းဖြင့် မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ရေကူးဘူတာရုံလမ်းနှင့် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်တို့တွင် ရုံးကား(၂)စီးဖြင့် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ရပ်ကျေးအဖွဲ့က ဝိုင်းဝန်းကူညီရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)