မော်လမြိုင် နိုဝင်ဘာ ၃၀
မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ပြည်နယ်/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာ အဖွဲအစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၇၀ ခန့်သည် တောင်ရိုးတန်းလမ်း၊ View Point အနီးပတ်ဝန်းကျင်၌ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်က မော်လမြိုင်မြို့နယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေလာရောက်သည့် နေရာဒေသ ဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေးလိုက်စားသူများ အနေဖြင့်ကိုယ်လက်လှုပ်ရှား အားကစားများဆောင်ရွက်ခြင်း၊ တောင်ရိုးတန်းလမ်းတစ်လျှောက် လမ်းလျှောက်ခြင်းများလာရောက် ဆောင်ရွက်ကြသည့်အတွက် ပတ်၀န်းကျင်သန့်ရှင်းသာယာလှပကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)