ကျုံပျော် ဒီဇင်ဘာ ၁
ပြည်သူများ စားဝတ်နေရေး တဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥ၊ဘဲဥများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရောင်းချရာတွင် ကျုံပျော်မြို့တွင်း လူစည်ကားရာနေရာများသို့ ကားဖြင့်လှည့်လည်၍ ပြည်သူများအား ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်နှုန်းဖြင့် အလုံးရေ(၃၀၀၀)လုံး၊ ဘဲဥတစ်လုံးလျှင် (၄၈၀) ကျပ်နှုန်းဖြင့် အလုံးရေ (၄၀၀)လုံးအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)