ကျိုက်မရော ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်က. အ.ထ.က ကျိုက်မရော (ပညာအားမာန်) ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်ပညာရေးမှူးဒေါ် စုစုဌေးက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန့်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က ကျိုက်မရောမှ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်ဥက္ကနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ ကပြဖျော်ဖြေမှုများကို ကြည်ရူအားပေးကာ ဆုငွေများ ပေးအပ်ချီးမြှင့််ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)