ပိုင်ကျုံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အစေပြေစေရေးအတွက် ဆေးရွက်ကြီး (ခေါ်) ဗမာဆေးရွက်ကြီးများ စိုက်ပျိုး ထားလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများသည် စားဝတ်နေရေးအဆင်ပြေစေရေးအတွက် လယ်ယာစိုက်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး မိုးအကုန် ဆောင်းအကူးတွင် ပိုင်ကျုံချောင်းဘေးရှိ ကိုင်းမြေများတွင် သီးပင်စားပင်များအပြင် ဆေးရွက်ကြီး (ခေါ်) ဗမာဆေးရွက်ကြီးလည်း စိုက်ပျိုးကြသည်။ ဆေးရွက်ကြီးကို တောင်သူများ ကိုယ်တိုင်အသုံးပြုရန်နှင့် ရောင်းချရန် စိုက်ပျိုးကြသည်။ ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲ မမြင်စေလိုပါကြောင်း၊ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာ မှန်ပေမယ့် ဆိုးကျိုးသက်သက်ပဲရှိတဲ့ အပင်မျိုး မဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးတွေရှိပါတယ်။ ဆေးရွက်ကြီးက တန်ဆေးလွန်ဘေးဆိုသလို အနည်းအကျဥ်းသုံးရင် ဆေးဖက်ဝင်ပေမယ့် အလွန် အကျွံသုံးရင် ကျန်းမာရေးကို ထိခိုက်မှုများ ရှိနိုင်ပါကြောင်း တောင်သူများသည် ဆေးရွက်ကြီးကို စိုက်ခင်းများတွင် ကျရောက်သော ပိုးမွှာများဒဏ်မှ ကာကွယ်နိုင်ရန်အတွက်လည်း စိုက်ပျိုးကြကြောင်း သိရပါသည်။
ပိုင်ကျုံမြို့ရှိ ကိုင်းမြေလုပ်ကိုင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆေးရွက်ကြီး ပင်များကို နှစ်စဉ် မိမိတို့ပိုင်စိုက်ခင်းများ၌ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
နော်ခူး(ပြန်/ဆက်)