အောင်မြေသာစံ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ်၊ ကမ်းနား(မြို့ပတ်) လမ်းပေါ်ရှိ Ayeyewaddy Rever View Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ပြုပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥပုသ်တော်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးတင်မောင်မြင့်၊ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်ရှင်း (ခ) ဦးသိန်းထွန်းနှင့် မတ္တရာမြို့နယ်၊ ဝက်ခဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖြိုးညီညီတို့အား စီမံခန့်ခွဲမှုထူးချွန်ဆု ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေကလည်းကောင်း၊ အောင်မြေသာစံခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင် ဒေါ်ရည်မွန်စိုးအား စံပြုဂုဏ်ပြုမှတ်တမ်းလွှာဆုကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အုန်းမြကလည်းကောင်း၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်လှလှဝေအား စံပြုဂုဏ်ပြုမှတ်တမ်းလွှာဆုကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဥက္ကဋ္ဌ ဒေါ်ခင်အုန်းမြကလည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ အ.ထ.က (၁၇) အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးအခြေခံပညာအထက်တန်းကျောင်းနှင့် မတ္တရာမြို့နယ်၊ တောင်ပြုံးကြီး အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများအား စံပြကျောင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီး သိန်းအောင်ထွေးနှင့် ဦးတင်မောင်ဝင်းတို့ကလည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့လူမှုကူညီရေးအသင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒုက္ခငြိမ်းရာအေး မေတ္တာလူမှုကူညီရေးအသင်းနှင့် မတ္တရာမြို့နယ်၊ Madaya Rescue လူမှုကူညီရေးအသင်းအား စံပြအသင်းအဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာဆုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးစိန်ယုနှင့် အဖွဲ့ဝင် ဦးသန်းထွန်းအောင်တို့ကလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ကြရာ ဂုဏ်ပြုဆုရရှိသူများကိုယ်စား အမှတ် (၁၇) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဂုဏ်ပြုဆုရရှိသူများ စုပေါင်း၍ အမှတ်တရဓါတ်ပုံရိုက်ကူးကြပြီး လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံကြကြောင်း သိရသည်။
မြင့်မော်ထွန်း