မိုးနဲမြို့နယ်၌ ဆောင်းဆီထွက်ပဲပုပ် (CM-60) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်း

မိုးနဲ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားရှိသော လွယ်လင်းကျေးရွာတောင်သူ နန်းစံဟွမ်၏ ဆောင်းပဲပုပ်(ဆီထွက်) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းနေမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့‌ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက ပဲပုပ်ရိတ်သိမ်းရာတွင် လေလွင့်မှုနည်းပါးစေရေး၊ ရိတ်သိမ်းပြီး ပဲပုပ်မျိုးစေ့များကို အမိုးအကာအောက်သို့ ရောက်ရှိရေးနှင့် မျိုးစေ့များကိုအခြောက်ခံ၍ လယ်သီးထပ်အဖြစ် ပြန်လည်ဖြန့်ဝေနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း ယခုနှစ်ဆောင်းရာသီတွင် ဆီပဲပုပ်အပါအဝင်စိုက်ပျိုးရန်လျာထားဧက ၁၈၀၉ ရှိပြီး ယနေ့အထိ စိုက်ပျိုးပြီးဧက ၁၉၄၈ စိုက်ပျိုးနိုင်ခဲ့ရာ လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ကြောင်းနှင့် သီးနှံစိုက်စွမ်းအားများ တိုးတက်လာရန်အတွက် ပဲပုပ်ကိုပိုမိုးတိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)