မြို့သစ်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မြို့သစ် ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သည့် မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ရတနာခန်းမ)၌ ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက” မြန်မာ့ကျောင်း" သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးနှင့် ခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်တွင် ပညာရည်ထူးချွန်ဆုရရှိကြသူများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ဆရာ၊ ဆရာမများ/ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ယင်းနောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း G – 2 ကျောင်းသား/ ကျောင်းသူလေးများမှ(ဆိုးလေး) သီချင်း( အာဝါဟရမစ် Remis) သီချင်းဖြင့် လည်းကောင်း၊G – 6.ကျောင်းသား /ကျောင်းသူလေးများက ( ချိမ့်ချိမ့်သဲ)  သီချင်း ၊(အ.ထ.က - ၁) G – 5 ကျောင်းသား /ကျောင်းသူလေးများက(တောင်ယာဝင်ချိန်သီချင်း)ဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(မြို့သစ်)