နတ်မောက် ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အသက် (၈၅) နှစ်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင်ငွေများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းကမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့လူမှုရေးပင်စင်ငွေထုတ်ပေးရာတွင် နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် (၈၅) နှစ်အထက် အဘိုး/ အဘွား (၆၇၁) ဦးအတွက် (၅၄၁၂၀၀၀၀) ကျပ် သုံးလတစ်ကြိမ် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်ဖြင့် အသက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ဘိုးဘွားများအားကိုယ်စားလှယ်များဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ်အတွင်းရှိအသက် (၈၅)နှစ်အထက်အဘိုး/အဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ငွေ ထုတ်ပေးရာတွင် ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာများမှ အဘိုး/ အဘွားများကို မြန်မာ့စီးပွားရေးဘဏ်ဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
လှဝင်း