ကံမမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ကံမ ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူဆေးရုံကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် (၉) နာရီက ဌာနဆိုင်ရာဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများအား စတင်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အတွင်း စုရပ်အသီးသီး၌ ပြည်သူများအား စနစ်တကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)