ကံမ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်(Grade-5)နှင့် မူလတန်းဆင့်(Grade-5)သင်ကြားသင်ယူမှု အရည်အသွေးမြှင့် မြို့နယ်အဆင့်ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ အလယ်တန်း၊ မူလတန်း၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးတင်မြင့်က အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမျိုးသူရအောင်က ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဇန်နဝါရီလ (၁၆) ရက်နေ့အထိ (၄) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အလယ်တန်းဆင့်၌ နည်းပြ (၁၀) ဦးနှင့် ဆရာ၊ ဆရာမ (၉၈) ဦး၊ မူလတန်းဆင့်၌ နည်းပြ(၈)ဦးနှင့် ဆရာ၊ ဆရာမ (၁၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)