မြဝတီမြို့ အ.လ.က(၄) ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

မြဝတီ ဇန်နဝါရီ   ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း၏ ၂၀၂-၂၀၂ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနာကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မာမာရီ၊  ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှူး ဒေါ်ချောကြည်ကြည်၊ မြို့နယ်ပညာရေးမှူး  ဦးမိုးကျော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်သီရိစုမွန်ထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် Grade-9မှ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းနှင့် Grade-3 မှ ကျောင်းသူ များကစည်းကမ်းတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျောင်းသား၊ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်မှသာလျှင် ပညာရေးကဏ္ဍ မြင့်မားလာမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-4 မှ Grade-9 အထိ A အဆင့် အောင်မြင်သူများ၊ မြို့နယ်အဆင့် ပြိုင်ပွဲဆုရရှိသူများ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲ ဆုရရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တစ်နှစ်တာကျောင်းတက်မှန်သော ဆရာမများ/အသင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော အသင်းများအား မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များက  ဆုများချီးမြှင့်ပေးသည်။

ထို့နောက် အ.လ.က()အလယ်တန်းပြဆရာမ ဒေါ်အေးညွှန့်က ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူများက  ပညာပန်းခင်းတေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီးအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)