ပခုက္ကူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် Grade-5နှင့် Grade-9 သင်ရိုးသစ် ဘာသာရပ်များဆိုင်ရာ သင်ကြားသင်ယူမှုစနစ် ပိုမိုထိရောက်လွယ်ကူစေရန်ရည်ရွယ်၍ အရည်အသွေးမြှင့်သင်တန်းကို ဇန်နဝါရီလ ၁၀ ရက်မှစတင်ပြီး ဖွင့်လှစ်ပို့ချလျက်ရှိသည်။
အဆိုပါ မြို့နယ်အဆင့်သင်တန်းတွင် ဗဟိုအဆင့်တက်ရောက်ခဲ့သော ဆရာ၊ဆရာမနည်းပြများက မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊သမိုင်း၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ သင်တန်းကာလ ၄ ရက်ကြာ သင်ကြားပို့ချပေးလျက်ရှိရာ မူလတန်းအဆင့်(Grade-5)သင်တန်းတွင် သင်တန်းသား/သူ ဆရာ၊ ဆရာမ၂၉၄ဦး၊ အလယ်တန်းအဆင့်(Grade-9)သင်တန်းတွင် သင်တန်းသား/သူ ဆရာ၊ဆရာမ ၁၉၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)