ပုသိမ်ကြီး ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအနေဖြင့် ယမန်နေ့နံနက်ပိုင်းက ရန်ကင်းတောင်ကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆော်ဩခဲ့ကြသည်။
မြို့နယ်အတွင်း တောမီးလောင်ကျွမ်းမှု မရှိစေရေး၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု မရှိစေရေး၊ ရပ်/ရွာများ မီးဘေးအန္တရာယ်ကျရောက်မှု မရှိစေရေးတို့ကို မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆော်ဩခဲ့သည်။ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် သန္ဓေ/အရန် တပ်ဖွဲ့ဝင်များမှ နေ့စဥ်အလှည့်ကျ ပြည်သူလူထုအား မီးဘေးလုံခြုံရေး အသိပညာပေး ဆော်ဩလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)