ဥတ္တရသီရိ ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဝင် ဌာနများဖြစ်ကြသော ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ အရာထမ်း၊ အမှုထမ်းများသည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာရှိ ZG Plastic စက်ရုံ၊ မင်းကုန်းကျေးရွာရှိ ဦးထွေး၏ အုတ်စက်၊ ဦးအောင်ထွန်း၏ အုတ်စက်၊ မရမ်းခုံကျေးရွာရှိ New World Shwepyitan အုတ်စက်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် ထုတ်ပြန်ထားရှိသည့် စည်းမျဥ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေး လမ်းညွှန်မှုများပြုလုပ်၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)