တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း၌ သတင်းရေးသားပေးပို့နည်းသင်တန်း ဖွင့်လှစ်

 

တနင်္သာရီ ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်း(၄)ဦးတို့အား သတင်းလုပ်ငန်းကို တတ်ကျွမ်းနားလည်ပြီး ရေးသားပေးပို့တတ်စေရန် ရည်ရွယ်၍ သတင်းရေးသားပေးပို့နည်း သင်တန်းကို စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးထိန်ဝင်းက မိမိသည် ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့၌ သက်ပြည့်ပင်စင်(၄)လ ကြိုတင်ခံစားရတော့မည်ဖြစ်ပါသဖြင့် မြို့နယ်အတွင်းထူးခြားဖြစ်စဉ်သတင်းများ၊ အခြားဌာနဆိုင်ရာများနှင့် မိမိဌာန၏ လှုပ်ရှားမှုသတင်းများကို စဉ်ဆက်မပြတ် ရေးသားပေးပို့တတ်ရန်အတွက် မိမိတို့ရုံးဝန်ထမ်းများက သတင်းရေးသားနည်းနှင့် ပေးပို့နည်းများကို ကြိုတင်တတ်မြောက်နေရန် လိုအပ်သဖြင့် ဤသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိ ဦးထိန်ဝင်းက ရုံးဝန်ထမ်း(၄)ဦးတို့အား “NEWS” သတင်း၏အဓိပ္ပာယ် ဖွင့်ဆိုချက်၊ သတင်းအမျိုးအစားများ၊ သတင်းသမားကောင်းတစ်ဦး၏ စံနှုန်းများ၊ သတင်း၏တန်ဖိုး၊ သတင်းရေးသားရာ၌ ပြည့်စုံရမည့် “ဘ” (၆)လုံးနှင့် သတင်းတည်ဆောက်ပုံ၊ သတင်းရေးသားရာ၌ သတိပြုရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်၏ လိုအပ်ချက်များနှင့် သတင်းအရင်းအမြစ်များ၊ သတင်းရယူသူလိုက်နာရမည့် စည်းကမ်းများနှင့်ဝတ်စားဆင်ယင်မှု၊ သတင်းရယူနိုင်ရန်ကြိုတင် ပြင်ဆင်ရမည့်အချက်များနှင့် တွေ့ဆုံမေးမြန်းခြင်းဆိုင်ရာများ စသည်တို့ကို ဆွေးနွေး သင်ကြားပေးသည်။

ဆက်လက်၍ ဦးထိန်ဝင်းက မိမိတက်ရောက်ခဲ့သည့် သင်တန်းအတွေ့အကြုံနှင့် ကိုယ်တွေ့အတွေ့ကြုံများကို မျှဝေဆွေးနွေးပေးပြီး “စံ”သတ်မှတ်ချက်နှင့်အညီ သတင်းရေးသားနည်း၊ ပြန်လည် စိစစ်ခြင်းနှင့် သက်ဆိုင်ရာသို့ Gmail နှင့် WeTransfer တို့ဖြင့် ပေးပို့နည်များကို စာတွေ့/လက်တွေ့သင်ကြားပေးကာ လက်တွေ့သတင်းရယူနိုင်ရေးအတွက် လက်တွဲ၍ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)