ရွှေတောင်မြို့နယ် အ.လ.က (ရေနံမြေ) အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသ

ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက (ရေနံမြေ) အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်သည်။

ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးနှင့် ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ခင်သန္တာတို့ဦးဆောင်၍ ယမန်နေ့ နေ့လယ်ပိုင်းက သရက်တောရပ်ကွက်၊ သရက်တောအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြသခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ ရသစုံလင်သည့် စာအုပ်၊ စာစောင်များအား (အခမဲ့) လိုက်လံငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်နှင့်ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍  နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ရသ စုံလင်သည့် စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်ဆေးကုသပေးလျက်ရှိရာ ဒေသခံပြည်သူများမှကြိုဆိုနှုတ်ဆက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြစ်တွင်းသွားဆေးရုံရေယာဥ် “ရွှေပုဇွန်”ဖြင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မလတ်တိုကျေးရွာ အောင်ကျိုက္ခမီ ဘုန်းတော်ကြီးကျောင်း၌အခြေပြုလျက် ဒေသခံပြည်သူများအား လာရောက်ဆေးကုသ ပေးမည်ဖြစ်ရာ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၄ နာရီက တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက် ၁၀ နာရီက တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ MHPSS Advisor တို့တွေ့ဆုံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းမှ MHPSS Advisor ဖြစ်သူ Ms. Patricia Carolina Guadelupe Dumazert တို့သည် ယမန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲ၌ တွေ့ဆုံခဲ့သည်။

တွံတေးမြို့နယ်၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာရုံးများအား ယခုချိန်ခါသည်ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ဌာနဆိုင်ရာရုံးများသို့ကွင်းဆင်း၍ လက်တွေ့သရုပ်ပြသခြင်း အသိပညာပေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ် ဖျော်ဖြေတင်ဆက်မှုကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ သွားရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ညပိုင်းက နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ကျောပိုးအိတ်)မှ လာရောက်ဖျော်ဖြေတင်ဆက်မှုကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပွဲတော်မှာ ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီအချိန်က (Book Club) စာပေချစ်သူများအဖွဲ့၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်း၍ စာရေးဆရာကြီး ကြည်တင့်နိုင်ရေးသားထားသည့် "ကျရာဇာတ်ရုပ်နှင့် ဘဝဒဿနအလှကဗျာများ ကဗျာ (၁၀၀)'' ရသကဗျာစာအုပ်မှ ကောက်နုတ်၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to