ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြ

ရွှေတောင် ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးနှင့် ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ခင်သန္တာတို့ဦးဆောင်၍ ယမန်နေ့ နေ့လယ်ပိုင်းက သရက်တောရပ်ကွက်၊ သရက်တောအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ခင်သန္တာက ကျောင်းသား/ကျောင်းသူ လေးများကိုမီးဘေးဆိုင်ရာ အသိပညာများ စိမ့်ဝင်ပျံနှံစေရေးအတွက် မီးဘေးအသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးနှင့် ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ခင်သန္တာနှင့် တပ်ဖွဲ့ဝင်များကကျောင်းသား/ကျောင်းသူ လေးများအား မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့်ကိုယ်တိုင် လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)