မအူပင်မြို့နယ်၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်ဆေးကုသပေးလျက်ရှိရာ ဒေသခံပြည်သူများမှကြိုဆိုနှုတ်ဆက်

မအူပင် ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြစ်တွင်းသွားဆေးရုံရေယာဥ် “ရွှေပုဇွန်”ဖြင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မလတ်တိုကျေးရွာ အောင်ကျိုက္ခမီ ဘုန်းတော်ကြီးကျောင်း၌အခြေပြုလျက် ဒေသခံပြည်သူများအား လာရောက်ဆေးကုသ ပေးမည်ဖြစ်ရာ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၄ နာရီက တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အား မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မအူပင်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၅၀)ဦးခန့်မှ ကြိုဆိုခဲ့ကြပြီး မလက်တိုကျေးရွာ အောင်ကျိုက္ခမီ ဘုန်းတော်ကြီးကျောင်း၌ အခြေပြုလျက် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)