မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ MHPSS Advisor တို့တွေ့ဆုံ

ရန်ကုန် ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းမှ MHPSS Advisor ဖြစ်သူ Ms. Patricia Carolina Guadelupe Dumazert တို့သည် ယမန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်အဖြစ် ကလေးပျော်စင်တာတွင် တာဝန်ယူမည့် သူများအတွက်သင်တန်းများ ကလေးပျော်စင်တာလုပ်ငန်းများ ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အသင်း၏ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ ပါမောက္ခဒေါက်တာတင်မောင်လှိုင်၊ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်အိအိထွေး၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Country Manager Mr.Fabio Beltramini နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)