မိုင်းယောင်း ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ညပိုင်းက နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ကျောပိုးအိတ်)မှ လာရောက်ဖျော်ဖြေတင်ဆက်မှုကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပွဲတော်မှာ ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း သိရသည်။
နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများနှင့် မိသားစုများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းမိသားစုများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့များ၊ ပြည်သူများက သွားရောက်ကြည့်ရှုအားပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဆုငွေ ကျပ် (၁၀၀,၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)