ရွှေတောင် ဇန်နဝါရီ ၁၇
ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက (ရေနံမြေ) အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က လူငယ်နှင့်အနာဂတ်ရည်မှန်းချက် ကောင်းမွန်ရေးခေါင်းစဉ်ဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောပြီး "အလွန်ကြီးမားသောမုန်လာဥကြီး" ပုံပြင်စာအုပ်၊ ဒေါ်ရွှေဝတ်ရည်တိုးက "ကြက်တူရွေးနှင့်ပုရွက်ဆိတ်" ပုံပြင်စာအုပ်တို့ အသီးသီးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ် စာစောင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် သိမှတ်ဖွယ်ရာအကြောင်းများ ဖော်ပြပါဝင်သည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)