မြောင်းမြ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရပ်မိ/ရပ်ဖ ဦးကျော်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး သောင်းထိုက်၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကို၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၁) ဗိုလ်မှူးကြီးအုန်းသိန်းနှင့် မြောင်းမြမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တင်ထွန်းတို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းအားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရိလမ်းသစ်၏ အတိုင်းအတာမှာ အရှည် (၃၆၅)ပေ၊ အကျယ် (၁၀) ပေ၊ ထု(၆)လက်မဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလမ်းမှ (၂၅၅' ၁၀' ၆") ဖြင့် (၈၆၁) သိန်း၊ ပြည်သူမှ (၃၇၁)သိန်းဖြင့် စုစုပေါင်း(၁၂၃၂)သိန်းဖြင့် လုပ်ငန်းအားဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)