ကော့ကရိတ်မြို့၌ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ကျင်းပပြုလုပ်

ကော့ကရိတ် ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀အချိန်က ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ (တိုးချဲ့ဆောင်)၌ ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာစောအောင်အောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီလ‌ (၁၅)ရက်နေ့မှ (၁၇) ရက်နေ့အထိ (၃) ရက်သာ ဖြစ်ပြီး သင်တန်းနည်းပြ (၄) ဦး၊ ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ သူနာပြုများ၊ သင်တန်းသူ (၂၀) ဦးတို့ဖြင့် သင်တန်းဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)