နမ့်စန်(တ) ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ အမှတ်(၁)ကျေးရွာအခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးတင့်က အမှာစကားပြောကြားခဲ့ပြီး ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးတင့် ၊ ဦးသန်းထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အ.မ.က(၁)ရွာကျောင်းအုပ် ဆရာမကြီး ဒေါ်မိုင်အိအိထွန်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက အတန်းအလိုက်ဘာသာရပ် ထူးချွန်ဆုရရှိသူများ၊ ဘာသာစုံ A အဆင့်ရ ကျောင်းသား/ကျောင်းသူများကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ထို့နောက် အ.မ.က(၁)ရွာကျောင်းမှ ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသားရိုးရာအက အလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)