တိုက်ကြီးမြို့နယ်၌ နွေစပါး(Seeder)ဖြင့် တိုးချဲ့စိုက်ပျိုးရေး လှုံ့ဆော်ဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့စိုက်ပျိုးပွဲကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် နွေစပါး (Seeder)ဖြင့် တိုးချဲ့စိုက်ပျိုးရေး လှုံ့ဆော်ဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဥတိုကျေးရွာအုပ်စု သဲပြားကျေးရွာ ကွင်းအမှတ် ၇၈၂(က)၊ ဦးပိုင်အမှတ် (၃၄) လယ်မြေ(၅)ဧက တောင်သူ ဦးထွန်းထွန်း၏ လယ်မြေပေါ်တွင် ကျင်းပကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က နွေစပါး(Seeder)ဖြင့် စိုက်ပျိုးမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။

ထို့နောက် တောင်သူ ဦးထွန်းထွန်း၏ လယ်မြေ(၅)ဧကပေါ်တွင် တိုက်ရိုက်မျိုးစေ့ကိရိယာ(Seeder)ဖြင့် နွေစပါးမျိုးစေ့ချခြင်းအား ကွင်းသရုပ်ပြစိုက်ပျိုးသည်။ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် နွေစပါး စိုက်ဧက(၅၅၈၁၀)ဧကအား လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)