မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ

မိုင်းစံ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ (၃)နာရီအချိန်ခန့်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ဦးဆောင်ပြီး စာရေးဆရာ "မောင်အောင်" ရေးသားထားသည့် "လကွယ်ည၏အလင်းရောင်" စာအုပ်မှ "လကွယ်ည၏ အလင်းရောင်"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Grade-7 ကျောင်းသူလေးများဖြစ်ကြသော မနန်းဝေဝေသက်မှ "ရခဲ့လေသောဆု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းနန္ဒီမြင့်ဇင်မှ "ဝေဒနာနှင့် စေတနာ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလဲလဲသင်းမှ "စာကြည့်တိုက်ဖွင့်ပွဲ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)