တပ်ကုန်း ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်နှင့်မြဝတီရပ်ကွက်အတွင်း အိမ်မွေးဝက်အချို့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် ဝက်များအစား နိုင်ငံတော်မှ ပြန်လည်အပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည်။
အဆိုပါ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးထိုက်နှင့် တာဝန်ရှိသူများက အောင်ဇေယျရပ်ကွက်တွင် ဆုံးရှုံးခဲ့သည့် ဝက်ပိုင်ရှင် (၁၆) ဦးအတွက် ဝက်ကောင်ရေ (၆၇) ကောင်၊ မြဝတီရပ်ကွက်တွင် ဆုံးရှုံးခဲ့သည့် ဝက်ပိုင်ရှင် (၃၃) ဦးအတွက် ဝက်ကောင်ရေ (၄၀) ကောင်တို့ကို ဝက်ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်