စေတုတ္တရာ မြို့နယ်၌ အသက် (၈၅) နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

စေတုတ္တရာ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် (၉) နာရီမှစတင်၍ ကုသဆောင်ရွက်ပေးခဲ့ကြသည်။

ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြသော အသက် (၈၅) နှစ်အထက် သက်ကြီးအဘိုးအဘွားများကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကားများဖြင့်ကြို၍ အာဟာရ ဆန်ပြုတ်များတိုက်ကျွေးကာ ဒေါက်တာ မျိုးကိုကိုဇင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက် (၈၅) နှစ်အထက် သက်ကြီးအဘိုးအဘွား (၂၂) ဦးတို့အား သွေးပေါင်ချိန်တိုင်းခြင်း၊ ကိုဗစ်ဆေးများ ထိုးပေးခြင်း၊ သွေးတိုး/ဆီးချိုရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ သွေးတိုး/ဆီးချိုကျဆေး၊ နှာစေးချောင်းဆိုးပျောက်ဆေးနှင့် အားဆေးများကို အခမဲ့ဖြန့်ဝေပေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)