မြောက်ဥက္ကလာမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်း‌ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်  အဆိုပါကျောင်းပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်မြမြ၀င်းနှင့် အမှတ်(၅)အခြေခံပညာအလယ်တန်း‌ကျောင်းမှ ဒု-အလယ်တန်းပြဆရာမ ဒေါ်ခင်မေသန်းတို့က ဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းမှ Grade-9 ကျောင်းသား မောင်ဇွဲမြင့်မိုရ်က "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မအိဖြိုး‌ကျော်က "လူငယ်နှင့်ယဉ်ကျေးမှု"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မမေကြယ်စင်မောင် "လူငယ် နှင့်နည်းပညာ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-8 ကျောင်းသူ မပိုပိုချစ်က "လူငယ်နှင့် စာရိတ္တ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်နိုင်လင်းထွန်းက "လူငယ်နှင့်မူးယစ်ဆေး"ခေါင်စဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်စန်းထွဋ်ဦး "လူငယ်နှင့်အားကစား"ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော အခြားကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်သူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းပေးအပ်သော စာအုပ်၊ စာစောင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် စကားဝိုင်းတွင် ပါ၀င်ဆွေးနွေးခဲ့ကြ‌သော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးမှ မှတ်တရဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမွန်၀င်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်ပိုစတာများ၊ သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ကျောင်းအကျိုး‌တော်ဆောင်အဖွဲ့၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)