စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီသံဘောင် သစ်သားကြမ်းခင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

စစ်တွေ ဇန်နဝါရီ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေသည် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီသံဘောင် သစ်သားကြမ်းခင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေးကြသည်။

စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီသံဘောင် သစ်သားကြမ်းခင်း တံတားအလျား (၄၀ ပေ) တည်ဆောက်မှုကို စစ်တွေမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၈ ဒသမ ၁၉ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါတံတားတည်ဆောက်ခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေးအတွက် အင်ဂျင်နီယာချုပ်မှ ကွင်းဆင်း စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြစ်သည်။

စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီသံဘောင် သစ်သားကြမ်းခင်း တံတားပြီးစီးပါက ကျေးရွာ (၆) ရွာအတွင်း အိမ်ခြေ ၁၁၃၁ အိမ်၊ လူဦးရေ ၆၄၈၄ ဦးကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)