ပင်လောင်း ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြကြောင်း၊ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်ဘောလုံးအသင်းသားများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
ယင်းနောက် ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရွှေတောင်လေး ဘောလုံးအသင်းနှင့် ပင်ခွန်ဘောလုံးအသင်း စတင်ယှဉ်ပြိုင်ကစားနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘောလုံးစပေးဘော် ကန်သွင်းစတင်ပေးလိုက်ပြီး ပြိုင်ပွဲတွင် ရွှေတောင်လေး ဘောလုံးအသင်းက ပင်ခွန်ဘောလုံးအသင်းအား ငါးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ရင်းမှီးဘောလုံးအသင်းက လွယ်ဖွီးဘောလုံးအသင်းအား လေးဂိုး ဂိုးမရှိဖြင့် အသီးသီး အနိုင်ရရှိကြကြောင်း သိရသည်။
အဆိုပါ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၄၉ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ တစ်အုပ်စုလျှင် အသင်းသုံးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ တစ်အုပ်စုလျှင် အမှတ်အများဆုံးရရှိသည့် အသင်းနှစ်သင်းက ရှုံးထွက်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်