နတ်မောက်မြို့နယ်တွင် ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

နတ်မောက် ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် နတ်မောက်မြို့ ရတနာထွန်းဆီစက်နှင့် မြို့နယ်ဆီကုန်သည်များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများ စားသုံးဆီဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့မကွက်သစ်ရပ်ကွက်ရှိ အိမ်ထောင်စု (၂၂၀) စုအား အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီတစ်ပိဿာကို (၈၂၀၀) ကျပ်နှုန်းဖြင့် စားသုံးဆီပိဿာ (၂၂၀) အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရန် နတ်မောက်မြို့ပေါ်ရှိ ရပ်ကွက် (၇) ရပ်ကွက်တွင် နေထိုင်လျက်ရှိသည့် ပြည်သူများစနစ်တကျ ဝယ်ယူနိုင်စေရန် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အလိုက် အိမ်ထောင်စုဝင်များအား ဆီဝယ်ယူရမည့် သတ်မှတ်ရက်များကို မှတ်တမ်းစာအုပ်ဖြင့် စနစ်တကျဆောင်ရွက်ထားပြီး ကာလပေါက် ဈေးထက် ဈေးနှုန်းလျော့ချကာ စားသုံးဆီတစ်ပိဿာလျှင် (၈၂၀၀) ကျပ်နှုန်းဖြင့်  ရတနာထွန်းဆီစက်၊ ပတ္တမြားဆီရောင်းဝယ်ရေးဆိုင်နှင့် ရွှေလမင်းဆီရောင်းဝယ်ရေးဆိုင်များတွင် ဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဝင်း