ကော့သောင်း ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆီးချိုရောဂါနှင့် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ဆီးချိုရောဂါနှင့်တိုင်းရင်းဆေးအကြောင်း သိလိုသည့် အကြောင်းအရာများ မေးမြန်းရာ ကော့သောင်းမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးက တိုင်းရင်းဆေးအနေဖြင့် ဆီးချိုရောဂါသတ်မှတ်မှုနှင့်အဓိပ္ပာယ် ဘယ်လိုကြောင့် ဆီးချိုရောဂါဖြစ်ရပုံ၊ ဆီးချိုရောဂါ၏လက္ခဏာနှင့် ကုထုံးများ၊ ဆီးချိုရောဂါအတွက် ဆောင်ရန်ရောင်ရန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)