ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) အရည်အသွေးမြှင့် ခရိုင်အဆင့်ဆွေးနွေးပွဲ ကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အလယ်တန်းအဆင့်(Grade-9) အရည်အသွေးမြှင့် ခရိုင်အဆင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခြေခံပညာအလယ်တန်းအဆင့်Grade-9 အရည်အသွေးမြှင့် ခရိုင်အဆင့်ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း အလယ်တန်းအဆင့်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ(သင်တန်း)ကို စနေ၊တနင်္ဂနွေရက်များဖြစ်သော ဇန်နဝါရီလ(၁၁၊၁၂၁၈၊၁၉) ရက်နေ့ (၄) ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး  ခရိုင်အဆင့်သင်တန်းနည်းပြ ၂၆ ဦးတို့မှ  ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ  တက်ရောက်သူသင်တန်းသား ဆရာ၊ ဆရာမ စုစုပေါင်း ၄၇၀ ဦး တက်ရောက်ကြကြောင်း  သိရသည်။

နေမျိုးအောင်