ကလိန်အောင် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ ကလိန်အောင်မြို့ ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများအား မိုင်းအန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ဖွဲ့မှူး ဦးအောင်ဖြိုးခိုင်က မိုင်း၏ဆိုးကျိုးသက်ရောက်မှုအကြောင်း၊ မိုင်းအအန္တရာယ်သတိပေးအမှတ်အသားများအကြောင်း၊ ပေါက်ကွဲစေနိုင်သည့် စစ်အကြွင်းအကျန်များဖြစ်သည့် မိုင်းအန္တရာယ်များကို သိရှိနားလည်နိုင်စေရန် မိုင်းအမျိုးအစားများ၊ မြေမြှပ်မိုင်းများပေါက်ကွဲ နိုင်သောကြောင့် အသက်ဆုံးရှုံးခြင်း၊ တစ်သက်လုံးဒုက္ခိတဖြစ်နိုင်ခြင်း၊ စစ်လက်နက် အကြွင်းအကျန်များ၏ ဝေးရာတွင်နေရန်နှင့် ရှောင်ရှားတတ်စေရန်၊ မိမိနှင့်အကျွမ်းတဝင်မဖြစ်သောဒေသတွင် ခရီးသွားပါကလူအများအသုံးပြုသော လမ်းမများ/လမ်းကြောင်းများ အသုံးပြုရန်၊ ဒေသခံလူများအား အန္တရာယ်ရှိနိုင်၊ မရှိနိုင်မေးမြန်းရန်စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ ဒုတပ်ဖွဲ့မှူး ဦးအောင်ဖြိုးခိုင်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)