ဒေးဒရဲမြိုနယ် အခြေခံပညာကျောင်းများရှိ (Grade-5)၊ (Grade-9) ကျောင်းသား၊ ကျောင်းသူများ သင်ကြားမှုထိရောက်ရေး အရည်အသွေးမြင့် ဆွေးနွေးပွဲ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များပိုမိုတိုးတက်လာစေရေးနှင့် အခြေခံပညာအထက်တန်းကျောင်းများက (Grade-5)(Grade-9)ဘာသာရပ်သင် ဆရာ၊ဆရာမများသင်ကြားမှုထိရောက်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် () နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှစိုးက အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင်  ပညာသင်ကြားမှုနည်းစနစ်များ ပိုမိုတိုးတက်လာစေရေးလုပ်ငန်းများ၊  ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်(Grade-5) (Grade-9)သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး​ ဒေါ်မြင့်မြင့်ခိုင်က သင်တန်းစည်းကမ်းချက်များနှင့် သင်ကြားဆွေးနွေးပို့ချမည့် ဘာသာရပ်ဆိုင်ရာများ ပတ်သက်သည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများက (Grade-5)သင် ဆရာ၊ ဆရာမ (၆၆၃) ဦး (Grade-9) သင် ဆရာ၊ ဆရာမ (၂၂၈)ဦး တက်ရောက်လေ့လာလျက်ရှိပြီး သင်တန်းကာလ (၂)ရက်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း