ဒဂုံမြို့သစ်(မြောက်ပိုင်း)နယ်၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နယ်၊ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု ဆုံဆို့ - မေးခိုင်ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၇၇)အခြေခံပညာမူလတန်းကျောင်း၌ KG ကလေးငယ်များအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါင့်ကြီးမူလတန်းကြိုကျောင်းတွင် တန်ဖိုးနည်း အာဟာရချက်ပြုတ်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ကြီးမှူးကျင်းပသော ဒေါင့်ကြီးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မိခင်များ၏ (၅)နှစ်အောက်ကလေးငယ်များအတွက် တန်ဖိုးနည်း အာဟာရချက်ပြုတ်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန်တွင် ဒေါင့်ကြီးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု၌ မိုးစပါးစံကွက် ရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု တောင်သူ ဦးမောင်စိုး၏ ပေါ်ဆန်းရင်စပါးမျိုး စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်း၌ ဒီဇင်ဘာ (၁၈) ရက်နေ့က မိုးစပါးစံကွက် ရိတ်သိမ်းကြသည်။

ဝေါမြို့နယ် ဆင်ရွာကျေးရွာ အ-ထ-က (ခွဲ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဆင်ရွာကျောင်း၌ ကျင်းပသည်။

ကျောက်ဆည်မြို့တွင် လေးမြို့နယ် ရွှေကျင်နိကာယဝိနည်းစာပြန်ပွဲ ဖွင့်ပွဲနှင့် ပထမအကြိမ် ဆင်မြို့တော် စာပေဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လေးမြို့နယ် ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲဖွင့်ပွဲနှင့် ပထမအကြိမ် ဆင်မြို့တော် စာပေဆုပေးပွဲကို ယနေ့နံနက် (၉) နာရီခွဲက မဟာဂန္ဓာရုံကျောင်း ဗုဒ္ဓပါဒစက္ကဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်နိကာယမ ဧရာဝတီကျောင်းဆရာတော်ကြီးထံမှ  ဩဝါဒတရား နာယူကာ ကုသိုလ်ရှင်များက ရာပြည့်မဂ္ဂဇင်းနှင့် ရာပြည့်စာစဉ် (၁၀၀၀) အုပ်အား  မဟာဂန္ဓာရုံကျောင်း ဂေါပကဥက္ကဋ္ဌ ဦးသိန်းဌေးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ယနေ့နံနက် (၉) နာရီ မှ မွန်းလွဲ (၃) နာရီထိ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကျုံပျော်မြို့တွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပြုလုပ်သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာခဲပြုလုပ်နည်း သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က(နောင်ပိန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်
Subscribe to