ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု၌ မိုးစပါးစံကွက် ရိတ်သိမ်း

ဘုတ်ပြင်း ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု တောင်သူ ဦးမောင်စိုး၏ ပေါ်ဆန်းရင်စပါးမျိုး စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်း၌ ဒီဇင်ဘာ (၁၈) ရက်နေ့က မိုးစပါးစံကွက် ရိတ်သိမ်းကြသည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများက ပေါ်ဆန်းရင်စပါးမျိုး  မိုးစပါးစံကွက် ရိတ်သိမ်းကြရာ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြု ခရိုင်ဦးစီးမှူး၊ ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က  ကြည့်ရှုအားပေးကြပြီး (သင့်) ကိုယ်စားပြုအလွှာတွင် တစ်ဧကပျမ်းမျှအထွက်နှုန်း အစိုထွက် ၇၄ ဒသမ ၈၇ တင်း၊ အခြောက်ထွက် ၇၂ ဒဿမ ၂၈ တင်းထွက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)