ကျောက်ဆည်မြို့တွင် လေးမြို့နယ် ရွှေကျင်နိကာယဝိနည်းစာပြန်ပွဲ ဖွင့်ပွဲနှင့် ပထမအကြိမ် ဆင်မြို့တော် စာပေဆုပေးပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လေးမြို့နယ် ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲဖွင့်ပွဲနှင့် ပထမအကြိမ် ဆင်မြို့တော် စာပေဆုပေးပွဲကို ယနေ့နံနက် (၉) နာရီခွဲက မဟာဂန္ဓာရုံကျောင်း ဗုဒ္ဓပါဒစက္ကဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်နိကာယမ ဧရာဝတီကျောင်းဆရာတော်ကြီးထံမှ  ဩဝါဒတရား နာယူကာ ကုသိုလ်ရှင်များက ရာပြည့်မဂ္ဂဇင်းနှင့် ရာပြည့်စာစဉ် (၁၀၀၀) အုပ်အား  မဟာဂန္ဓာရုံကျောင်း ဂေါပကဥက္ကဋ္ဌ ဦးသိန်းဌေးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက မြိုနယ်စာရေးဆရာအသင်းအား ကျောက်ဆည်မဂ္ဂဇင်း နှစ်စဉ်ထုတ်ဝေနိုင်ရန်အတွက် အလှူငွေကျပ် (၁၀၁) သိန်း ပေးအပ်လှူဒါန်းခဲ့ပြီး ဆင်မြို့တော် စာပေဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲဖွင့်ပွဲနှင့် ပထမအကြိမ် ဆင်မြို့တော် စာပေဆုပေးပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်