ဒဂုံမြောက် ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နယ်၊ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု ဆုံဆို့ - မေးခိုင်ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၇၇)အခြေခံပညာမူလတန်းကျောင်း၌ KG ကလေးငယ်များအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ အမှတ်(၁၉)၊ (၂၀)၊ (၂၁) (၂၂)၊ (၂၃) အခြေခံပညာမူလတန်းကျောင်းများမှ KG တန်း ကလေးငယ်(၈၀)ဦးတို့အား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးခဲ့ရာ ဆရာ/ဆရာမများနှင့် ရပ်ကွက်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ