ဇလွန် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ကြီးမှူးကျင်းပသော ဒေါင့်ကြီးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မိခင်များ၏ (၅)နှစ်အောက်ကလေးငယ်များအတွက် တန်ဖိုးနည်းအာဟာရချက်ပြုတ်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန်တွင် ဒေါင့်ကြီးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တန်ဖိုးနည်း အာဟာရချက်ပြုတ်ပြိုင်ပွဲတွင် ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက တန်ဖိုးနည်းအာဟာရချက်ပြုတ်ပြိုင်ပွဲ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲစတင်ခဲ့သည်။ ပြိုင်ပွဲတွင် ဒေါင့်ကြီးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကျောင်းသားမိခင်များမှ အဖွဲ့ (၄)ဖွဲ့ခွဲ၍ ယှဥ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ဒိုင်အဖွဲ့များက အမှတ်ပေးစည်းမျဥ်းများအတိုင်း အကဲဖြတ်အမှတ်ပေးခဲ့ကြရာ ပထမဆုကိုအဖွဲ.(၂ ) ၊ ဒုတိယဆုကို အဖွဲ့( ၃ ) ၊ တတိယဆုကိုအဖွဲ့( ၁ ) ၊ စတုတ္ထဆုကို အဖွဲ့ ( ၄ )တို့က အသီးသီးဆုများ ရရှိခဲ့ပြီး ဆုရအဖွဲ့များအား လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ