ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က(နောင်ပိန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်

ခိုလမ် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်

အဆိုပါ အသိပညာပေး စာအုပ်စာစောင်များငှားရမ်းရာတွင်  အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးတိုးတက်မြင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေသော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန်အတွက် သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/သူ (၃၅)ဦးတို့အား ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)