ကလိန်အောင်မြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် သုတ၊ ရသစာအုပ်စာ‌စောင်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓာတ်ပုံနှင့် သုတ/ ရသ စာအုပ်၊ စာစောင်များပြသခြင်းတို့ကို ယနေ့နံနက် (၁ဝ) နာရီအချိန်က အခြေခံပညာမူလတန်း တပ်နယ်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ဦးတင်ဦး(ကျူရှင်) ရေးသားသော “ပညာတတ်ခြင်း၊ မတတ်ခြင်းနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့ သရုပ်ပြသခြင်းဆောင်ရွက်

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် မင်္ဂလာစျေးရှေ့၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်က‌ လေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အင်းလေးဒေသ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အင်းသားရိုးရာလှေပြိုင်ပွဲ ကျင်းပမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နွေစပါးစိုက်ပျိုးပွဲ၊ ဆောင်သီးနှံနေကြာ စိုက်ပျိုးပွဲနှင့် ပိုက်ဆံလျှော်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ် ကညင်ငူကျေးရွာအုပ်စုကွင်းအမှတ်- ၁၇၅၄စီ၊ ဦးပိုင်အမှတ်-( ၅၃/၅)၊ တောင်သူ ဒေါ်စောလှ၏ လယ်မြေ(၂.၀၀)ဧကတွင် တွင်ကျင်းပပြုလုပ်သည့် ဆောင်းဆီထွက်သီးနှံနေကြာစိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး Super Sun -41‌ နေကြာမျိုးစေ့များကို ဒေသခံတောင်သူများနှင့်အတူ စုပေါင်းစိုက်ပျိုးကြသည်။

မိုင်းယုမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့နယ် တောင်မန်းစံပြကျေးရွာတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆု ချီးမြှင့်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာအုပ်စု၊ တောင်မန်း‌ခေတ်မီစံပြကျေးရွာ ဘက်စုံသုံးခန်းမတွင် ယမန်နေ့က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော (နေရာဒေသ)ကျေးရွာဆု ချီးမြှင့်ခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်း‌‌ဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်း‌‌ဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ကံမမြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက် (၆၀)နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းအစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ် စစ်ဆေးကုသပေးခဲ့သည်။
Subscribe to