ပင်လောင်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လိန်းလီတံတားအနီးနှင့် ရွှေတကြီးကျေးရွာအနီး ပေါင်းလောင်းချောင်းရေပြင်ကျယ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးကြကြောင်း သိရသည်။
အဆိုပါငါးမျိုးများစိုက်ထည့်ရာတွင် ရွှေဝါငါးကြင်းကောင်ရေ(၅၀၀၀၀)၊ ငါးခုံမကောင်ရေ (၅၀၀၀၀) စုစုပေါင်း ငါးမျိုးကောင်ရေ(၁၀၀၀၀၀) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပေါင်းလောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပေါင်းလောင်း ချောင်းရေပြင်ကျယ်အတွင်းသို့ စနစ်တကျ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)